သီပေါ ဇွန် ၂
မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း တို့ကို ယနေ့ ၉ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကြည်ထွန်းက မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်ကျရောက်ပါက မီးသတ်ဆေးဘူးသုံးစွဲပုံ၊သုံးစွဲနည်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါရုံးရှိ ဝန်ထမ်းများအား မီးသတ်ဆေးဘူးဖြင့်လက်တွေ့မီးငြိမ်းသတ်သရုပ်ပြသ၍ လက်တွေ့ပြုလုပ်ဆောင်ရွက်ခြင်းများကို လေ့ကျင့်ပေးခဲ့ကြောင်းနှင့် မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ နံနက် ၁၀နာရီအချိန်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ် ပြန်/ဆက်