ရပ်စောက်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒေသကြက် (၃၀) ကောင် ထောက်ပံ့ပေးအပ်

ရပ်စောက် ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဒေသကြက် (၃၀) ကောင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက လွယ်ကိုးကျေးရွာအုပ်စု ၊ နောင်ဖန်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာ ရပ်စောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမင်းဇော်က ဒေသကြက်ထောက်ပံ့ပေးအပ်ရခြင်း၏ရည်ရွယ်ချက်နှင့် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး နောင်ဖန်ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက နောင်ဖန်ကျေးရွာရှိ အိမ်ထောင်စုတစ်စုလျှင် ဒေသကြက် (၅) ကောင်နှုန်းဖြင့် အိမ်ထောင်စု (၆) စုအတွက် ဒေသကြက် (၃၀) ကို ထောက်ပံ့ပေးအပ်ခဲ့‌ကြကြောင်းသိရှိရသည်။

မြို့နယ်ပြန်/ဆက်