ပင်းတယမြို့နယ်၌  လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (ပထမ) အကြိမ်ဆင်းပွဲ ကျင်းပ

ပင်းတယ ဇွန် ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ဈေးတန်းရပ်ကွက်ရှိ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် " အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း " ဆောင်ရွက်မည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးစီမံကိန်းလုပ်ငန်းအတွက် လူသုံးကုန်ထုတ်မှုနည်းပညာသင်တန်း (ပထမ) အကြိမ်ဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း  ကျင်းပခဲ့သည်။

ရှေးဦးစွာ ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားကာ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းထွက်ကုန်ပစ္စည်များကိုပေးအပ်သည်။ အဆိုပါသင်တန်းအား ‌  မေလ ၂၆ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ (ပထမ) အကြိမ်အဖြစ် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၁၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရကာ (ဒုတိယ) အကြိမ်မွမ်းမံသင်တန်းအား ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)