မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (မွေတော်) ၌ ကျောင်းဆောင်သစ်ဖဲကြိုးဖြတ် ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပ

မိုင်းပန် ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (မွေတော်) ၌ မောက်ကွမ်တိုင်း ကျောင်းဆောင်သစ်ဖဲကြိုးဖြတ် ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ုဇော်မြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းဆီ၊ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းကွယ် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မောက်ကွမ်တိုင်းကျောင်းဆောင်သစ်အကျယ် ၁၂၀'×၃၀' ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူများက ရှမ်းရိုးရာအိုးစည်ဗုံမောင်း၊ တိုးနရား၊ ကိန္နရီ ကိန္နရာအကများဖြင့် ဖျော်ဖြေကြပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)