ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

ကွန်ဟိန်း ဇွန် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို     ယမန်နေ့နံနက်(၈) နာရီကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များ လစဥ် တစ်လခြား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ တိုက်ကျွေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည် ။

မြို့နယ်(ပြန်/ဆက်)