ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် (MCCT) အသိပညာပေးသင်တန်းပြုလုပ်

မိုင်းတုံ ဇွန် ၅

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မှကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (MCCT)နှင့် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းကို ယမန်နေ့က မိုင်းတုံမြို့၌ ဖွင့်လှစ်ခဲ့သည်။

ဆင့်ပွားသင်တန်းတွင် ကျိုင်းတုံမြို့ လူမှုဝန်ထမ်းရုံမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (MCCT) လုပ်ငန်းစဉ်များအကြောင်းကို လည်းကောင်း၊ကျန်းမာရေးဦးစီးဌာနမှ ဒေါ်နန်းလှအေးက အာဟာရအကြောင်းကို လည်းကောင်း  အကျယ်တဝင့်အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့သည်။ အဆိုပါ ဆင့်ပွားသင်တန်းသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)