မိုးနဲမြို့ ဖိုင်လုံဆည်အထက်ပိုင်း နမ့်တွန်ချောင်းသဲနှုန်းတူးဖော်ခြင်းလုပ်ငန်း‌ဆောင်ရွက်‌နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မိုးနဲ ဇွန် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စုရှိ ဖိုင်လုံဆည်အထက်ပိုင်း နမ့်တွန်ချောင်း သဲနှုန်းတူးဖော်ခြင်းလုပ်ငန်းကို မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လုပ်ငန်းများ‌အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဝင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦး၊ မြိုနယ်သစ်‌တောဦးစီးမှူး ဦးကျော်အောင်အောင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုရာ မြို့နယ်ဆည်မြောင်းနှင့်‌ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှူး ဦးသက်နိုင်ထွန်းကလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၂ဝ ဖြင့် သဲနှုန်းဆယ်ယူခြင်း ၂၆၆၀ ပေ၊ တာ‌ပေါင် ကျိုးပြုပြင်းခြင်း  ၁၂၀၀ ပေတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)