မူဆယ်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မူဆယ် ဇွန် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မြန်မာ-တရုတ် ကလေးငယ်များ၏ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုင်ရာ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အမှာစကားပြောကြားခဲ့ပြီး၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မြန်မာ-တရုတ်ကလေးငယ်များ၏ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုင်ရာ ပန်းချီပြိုင်ပွဲနှင့် ချစ်ကြည်ရေးခရီးစဉ်မှတ်တမ်း ဗီဒီယိုအား ပြသပေးခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ပထမဆု ၃ ဆု၊ ဒုတိယဆု ၆ ဆု၊ တတိယဆု ၉ ဆုနှင့် ထူးချွန်ဆု ၁၂ ဆု ရရှိသူတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ အသီးသီးပေးအပ်ခဲ့ကြပြီး၊ အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသည့် ကလေးများ၏ ပြိုင်ပွဲတွင်ဆုရရှိကြသော ပန်းချီကားများကို လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ဆရာမများ၊ ကိုယ်ပိုင်ကျောင်းများမှတာဝန်ရှိသူများနှင့် ကျောင်းသားမိဘများတက်ရောက်ကြကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်