မြစ်ကြီးနား ဇွန် ၅
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်(ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော်သည် ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်များ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် ပြည်နယ်အဆင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ယနေ့နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၂) ၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ) က ကြီးကြပ်ကန့်သက်ပစ္စည်းများဖြစ်သည့် မဲပေးစက်များ ထိခိုက်ပျက်စီးမှုမရှိစေရေး ကြီးကြပ်မှု အဖွဲ့ဝင် ဌာနဆိုင်ရာများအနေဖြင့် မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား မျက်မြင်အခြေအနေ စစ်ဆေးခြင်းများကို အခါအားလျော်စွာဆောင်ရွက်ရန်ကြရန်လိုအပ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းလမ်းညွှန်ပါအချက် များနှင့်အညီ ၆ လတစ်ကြိမ် မဲပေးစက်များ ဖွင့်ဖောက်စစ်ဆေးခြင်း လုပ်ငန်းများနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်နိုင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ဖွင့်ဖောက် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ပူးပေါင်းပါဝင် ကြီးကြပ်ဆောင်ရွက်ခဲ့မှုများအပြင် လိုအပ်သည်များအား ပံ့ပိုးကူညီဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြည်နယ်ရွေးကောက်ပွဲအရာရှိက လုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ပြည်နယ်အဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများက မဲပေးစက်များဖွင့်ဖောက်စစ်ဆေးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်တာဝန်ခံက လိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)