သရက်ချောင်းမြို့နယ်၌ တရားမဝင်ကုန်စည်များ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

သရက်ချောင်း ဇွန်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ တရားမဝင်ကုန်စည်များ၊ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်း သွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၇ နာရီမှစတင်၍ သရက်ချောင်းမြို့၊ မြို့မရဲစခန်းအရှေ့တွင် သက်ဆိုင်ရာအဖွဲ့များဖြင့် ပူးပေါင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်လွင်ဦး‌ဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသိန်ဇော်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ တရားမဝင်ကုန်စည်များ၊ မော်တော်ယာဥ်များအား လိုင်စင်၊ ယာဥ်မောင်းလိုင်စင်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခြင်း၊ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွားလာပါက ဖမ်းဆီးရမိရေး ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)