မိုင်းပန် ဇွန် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာဆိုင်ရာအကြီးအကဲများ၊ ရုံးဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသား/သူများနှင့် ကျေးရွာနေပြည်သူများတို့က တုံတစ်ကျေးရွာ၌ ၂၀၂၆ခုနှစ် မိုးရာသီပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် သက်ဆိုင်ရာအကြီးအကဲများက သစ်ပင်များပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း ၂၅၀ ပင်၊မယ်ဇလီ ၂၅၀ ပင်၊ မဟော်ဂနီ ၂၅၀ ပင်၊ စိန်ပန်းနီ ၂၅၀ ပင် စုစုပေါင်း ၁၀၀၀ ပင်စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တော ဦးစီးမှူး ဦးရန်ပိုင်ထွန်း ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)