ကျောက်မဲ ဇွန် ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသကြက်မွေးမြူရေးခြံများသို့ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်မဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဝေမာထွန်းနှင့် ဝန်ထမ်းများသည် အမှတ် (၉) ရပ်ကွက်ရှိ ဒေသကြက် မွေးမြူသူ တောင်သူ (၄) ဦး၏ ခြံများသို့ သွားရောက်ကာခြံရှိ ဒေသကြက်များ အား အပူဒဏ်ခံ လည်လိမ်ရောဂါကာကွယ်ဆေး (I₂) ကို မျက်စဉ်းခတ် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)