ခိုလမ်မြို့တွင် လျှပ်စစ်ဓါတ်အားလိုင်းပြုပြင်ထိန်းသိမ်း စစ်ဆေးခြင်းများ ဆောင်ရွက်

ခိုလမ် ဇွန် ၇

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လျှပ်စစ်အင်ဂျင်နီ ယာရုံးမှ မိုးရာသီကာလ ဓာတ်အားပြတ်တောက်မှုမရှိစေရေး၊ ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာတွင် အဆင်ပြေစေရန်နှင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဓါတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းစစ်ဆေးခြင်း လုပ်ငန်းများကို ဇွန်လ ၇ ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဆန်း၊ ဦးဆောင်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများမှ ၁၁/၀.၄ ကေဗွီဓာတ်အားခွဲရုံတွင် Earthing  စစ်ဆေးခြင်း၊ Bolt & Nuts များ စစ်ဆေးချန်ညှိခြင်း၊ ကြွေသီးများသန့်ရှင်းရေး ဆောင်ရွက်ခဲ့ပြီး ၆၆/ ၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထား သော ၁၁ ကေဗွီ မြို့တွင်း ဖီဒါတစ်လျှောက် ဓာတ်အားလိုင်းနှင့် လွတ်ကင်းမှုမရှိသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင် ရှင်း လင်းခြင်းနှင့်လိုအပ်သည့် စစ်ဆေးပြုပြင်မှုများကို  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်(ပြန်/ဆက်)