လားရှိုးမြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆) ဆင်းပွဲ ကျင်းပ

လားရှိုး ဇွန် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ဇွန်လ ၅ ရက်က အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးရဲဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော သင်တန်းသား ၃ ဦးအား ထူးချွန်ဂုဏ်ပြုဆုများနှင့်သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ် ဒုတိယတပ်ရင်းမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မဈေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်းတန်းဆင်း အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း ၈၆ ဦး တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းအား မေလ ၂၅ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းများ၊  ခေတ်မီမီးငြှိမ်းသတ်ရေးပစ္စည်းများဖြင့် မီးအတန်းအစားအလိုက် မီးငြှိမ်းသတ်ခြင်းသင်ခန်းစာများအား လေ့ကျင့်ပို့ချသင်ကြားခဲ့ခြင်းဖြစ်ပြီး သင်တန်းသား စုစုပေါင်း ၃၅ ဦး တက်ရောက်သင်ကြားခဲ့‌ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

လူမော် (ပြန်/ဆက်)