တပ်ကုန်း ဇွန် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ အခြေခံမွေးမြူရေး(စာမြုံ့ပြန်သတ္တဝါ)ဆိုင်ရာ အသိပညာနှင့်နည်းပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးထိုက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းသားအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး၊ သင်တန်းနည်းပြဆရာများက သင်တန်းသား ၂၀ ဦးကို အခြေခံမွေးမြူရေး(စာမြုံ့ပြန်သတ္တဝါ)ဆိုင်ရာ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များကို ဇွန် ၈ ရက်မှ ၁၂ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်