ကျိုင်းတုံ ဇွန် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်(အသားကဏ္ဍ)ရန်ပုံငွေ စီမံကိန်းဖြင့် ယမန်နေ့က မိုင်းဇင်းအုပ်စု၊ ဟွေခါး(ကချင်)ကျေးရွာ၌ ပြုလုပ်သည်။
ပေးအပ်ပွဲတွင် မွေးမြူရေးနှင့်ကုသရေးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်၊ မြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူနှင့် မြို့နယ်ကြီးကြပ်မှုကော်မတီဝင်များက ဟွေခါး(ကချင်)ရွာမှ မွေးမြူရေးတောင်သူ ကျေးရွာသူ၊ ကျေးရွာသား ၄၂ ဦးအား ဒေသကျွဲ ၄၂ ကောင် မွေးမြူရန် တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၆၃၀ ကို ကျေးရွာကော်မတီမှတစ်ဆင့် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)