ပင်းတယ ဇွန် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာစာဖြေ၊ စာပြန်ပွဲတော်ကြီးအား ယနေ့နံနက်က မြို့နယ်ဓမ္မာရုံ၌ စတင်ကျင်းပသည်။
၁၃၈၈ ခုနှစ်၊ ပင်းတယမြို့နယ်လုံးဆိုင်ရာ သာသနဟိတပရိယတ္တိ စာဖြေ၊ စာပြန်ပွဲတော်ကြီးအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အရှင်စံန္ဒောဘာသနှင့် ဆရာတော်များကကြီးမှုး၍ ဆရာတော်အရှင်သူမြတ်များနှင့် စာဖြေစာပြန်သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ စာဂထမင်းကျွေးခြင်းနှင့် ဝေယျာဝစ္စကိစ္စများကို နေ့စဉ်တာဝန်ကျ ရပ်ကွက်များမှ အလှည့်ကျဖြင့်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့တွင် စတင်ကျင်းပသည့်(၇၀/၇၂)ကြိမ်မြောက် စာဖြေ/ပြန်ပွဲတော်ကြီးတွင် ဒုတိယအဆင့်၊ မူလ(က)၊ မူလ(ခ)၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင်ဆဌမအတန်းလိုက်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ စာရင်းရှိစာဖြေသံဃာတော် ၂၂၇ ပါးနှင့် စာပြန်သံဃာတော် ၂၆၄ ပါး၊ စုစုပေါင်းသံဃာတော် ၄၉၁ ပါးရှိကြောင်း၊ မြို့နယ်လုံးဆိုင်ရာစာဖြေပွဲတော်ကြီးအား ဇွန်လ ၈ ရက်နေ့မှ ဇွန်လ ၁၁ ရက်အထိ၊ စာပြန်ပွဲတော်အား ဇွန်လ ၁၂ ရက်မှ ဇွန်လ ၁၃ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ အောင်လက်မှတ်ပေးအပ်သည့် ဆုနှင်းသဘင်အခမ်းအနားအား၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်(နယုန်လကွယ်)နေ့တွင် အဆိုပါမြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)