မိုးနဲ ဇွန် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မုန်ညှင်းစိမ်းပင်များကို မုန်ညှင်းချဉ်များပြုလုပ်ရာတွင် အသုံးပြုရန်အတွက် ထပ်မံစိုက်ပျိုးလာကြကြောင်း သိရသည်။
မုန်ညှင်းပင်များမစိုက်ပျိုးမီ မြေဆွကာ မြေဩဇာထည့်သွင်းပြီး မျိုးစေ့ချစိုက်ပျိုးကြကြောင်း၊ မုန်ညှင်းချဉ်ပြုလုပ်ရောင်းချသူများအနေဖြင့် ခြံသို့လာရောက်ဝယ်ယူကြကြောင်း၊ မြေနေရာလွတ်များတွင် စိုက်ပျိုးထားကြောင်း၊ ခြံထဲတွင် ခရမ်းညို၊ ပဲတောင့်ရှည်၊ ဖရုံနှင့် နှစ်ရှည်သီးနှံပင်အများ အပြားစိုက်ပျိုးထားပြီး စီးပွားဖြစ် အဓိက ပဲပုပ်၊ ကြက်သွန်နှင့် ပြောင်းတို့ကို ရာသီအလိုက်စိုက် ပျိုးရောင်းချလျက်ရှိကြောင်းသိရသည်။
မိုးနဲမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ကြရာ တစ်နိုင်တစ်ပိုင် သီးနှံများအဖြစ် သခွား၊ ငရုတ်၊ ဖူးစားပြောင်း၊ သခွားမွှေး၊ ဆလတ်စ်၊ မုန်ညှင်းဖြူ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပွင့်၊ ခရမ်းချဉ်တို့ကို စိုက်ပျိုးကြပြီး စီးပွားဖြစ် စပါး၊ ပဲပုပ်၊ နေကြာ၊ ပန်းနှမ်း၊ မြေပဲ၊ ကြက်သွန်ဖြူ၊ ပြောင်းတို့ကို စိုက်ပျိုးရောင်းချလျက်ရှိကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
ဇင်ကိုကို