ကွန်ဟိန်းမြို့၌ ရပ်ကွက်ကျေးရွာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ကွန်ဟိန်း ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ ရပ်ကွက်ကျေးရွာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ကွန်ဟိန်းမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ မြို့နယ်‌လေ့ကျင့်ရေးခန်းမ၌ ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲကို ကွန်ဟိန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ လူငယ်လူရွယ်များအကြား အားကစားစိတ်ဓာတ်ထက်သန်လာစေရန်၊ ကာယ၊ ဉာဏ စွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များအချင်းချင်းစည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲလာစေရန်နှင့် မြို့နယ်ဂုဏ်ဆောင် မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ် ေကြာင်းသိရသည်။

‎‌ရှေးဦးစွာ ဗိုလ်လုပွဲကို နမ့်ပန်အသင်းနှင့်ဆ-သ-ရ(MPT)အသင်းတို့ ယှဉ်ပြိုင်ကစားရာ နမ့်ပန်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ  ပိုက်ကျော်ခြင်းပြိုင်ပွဲ အောင်မြင်စွာဖြစ်မြောက်ရေးအတွက် အလှူငွေထည့်ဝင်ပံ့ပိုးကူညီခဲ့ကြသည့် အလှူရှင်များအား ကွန်ဟိန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးအောင်ကျော်စွာက အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မုဒိတာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းကိုဆောင်ရွက်ရာ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိခဲ့ကြသော ပြိုင်ပွဲဝင်အသင်းများအား တာဝန်ရှိသူများကဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြ‌ကြောင်းသိရသည်။

မြို့နယ် ပြန်ဆက်