မြောင်းမြ ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် ဇွန်လ ၆ ရက်နေ့ နံနက်(၁၀)နာရီအချိန်က Book Club အဖွဲ့နှင့် စာရေးဆရာဖေမြင့်ရေးသားသည့် ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးရာတွင် ရှေးဦးစွာ Book Club အဖွဲ့ နာယက ဆရာကြီး ဦးခင်စိုးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းနွဲ့သိင်္ဂီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးညီဌေး (စာရေးဆရာနေခြည်မောင်-မြောင်းမြ)က "ဦးဆောင်ဆွေးနွေးခဲ့ရာ"၊ Book Club အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်းအရာများ၊ ထင်မြင်ယူဆချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များစာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတကြွယ်ဝ လာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဇေယျာ (ပြန်/ဆက်)