ငါးသိုင်းချောင်း ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ ရပ်ကွက်များတွင် ယနေ့နံနက် (၀၉း၀၀)အချိန်က ပိတ်ဆို့နေသောရေမြောင်းများနှင့် ခြုံနွယ်များ၊ အမှိုက်များအား မြို့စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကလိုက်လံ၍ ခုတ်ထွင်ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
မိုးတွင်းကာလသို့ ရောက်လာတော့မည်နှင့် တစ်ပြိုင်နက် ရေမြောင်းများပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ခြင်ကျားကင်းရှင်းစေရေး၊ ရာသီလိုက်ဖြစ်တတ်သော သွေးလွန်တုတ်ကွေးရောဂါကင်းဝေးစေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးတို့အတွက်ရည်ရွယ်၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇေယျ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်တာဝန်ရှိသူများ၊ ရပ်ကွက်တာဝန်ရှိသူများနှင့် ပြည်သူများပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)