ကျောက်မဲ ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် တရားရုံး၌ ဝန်ထမ်းမိသားစု သားသမီးများ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာသင်စရိတ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက အဆိုပါခရိုင်တရားရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောက်မဲခရိုင်တရားသူကြီး ဦးကျော်စိုးခိုင်က ကျောက်မဲခရိုင်တရားရုံးနှင့် ခရိုင်အတွင်းရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချို မြို့နယ်တရားရုံးများမှ ဝန်ထမ်း (၁၀) ဦး၏ သားသမီးများဖြစ်ကြသော ကျောင်းသား၊ကျောင်းသူ (၁၅) ဦးအတွက် တစ်ဦးလျှင် ပညာသင်စရိတ်ငွေ (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းကျောင်းစရိတ်ငွေ (၇၅၀,၀၀၀) ကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပညာသင်စရိတ်ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်တရားသူကြီးနှင့်မြို့နယ်တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်