ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာများသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကျောက်တလုံးကြီး ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ဌားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများရှိ စာဖတ်ပရိသတ်များထံသို့ စာပေဖတ်ရှု့မှုအဆင်ပြေစေရန်၊ စာဖတ်ခြင်းအလေ့အကျင့်များ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ သုတ၊ ရသစာအုပ်များကို စုံလင်စွာ ငှားရမ်းပေးခဲ့သည့်။

အဆိုပါနယ်လှည့်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့် ရပ်ကွက်နေပြည်သူများထံသို့ သုတ၊ ရသ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန္တာ