လားရှိုးမြို့ အ.ထ.က (၁) ကျောင်း၌ ရက် ၁၀၀ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေး

လားရှိုး ဇွန် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်သက်နိုင်နှင့်ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများအား  ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းကို ယနေ့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မြစန္ဒာခန်းမ၌ ဆောက်ရွက်သည်။

ထိုသို့ဆောင်ရွက်ပေးနေမှု အခြေအနေများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်သက်နိုင်တို့က ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များရရှိစေရေး ဆောင်ရွက်ပေးနေမှုအခြေအနေများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အသက် ၁၀ နှစ်ပြည့်ပြီးသည့် ကျောင်းသာ ၃၀ ဦး၊ ကျောင်းသူ ၄၂ ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၇၂ ဦး လက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)