ကျိုက်လတ် ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးငယ်များ၊ ကျောင်းပြင်ပတွင် ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအားလုံး အချိန်မီကျောင်းအပ်နှံနိုင်ရေးကိုလည်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိဘဆရာအသင်းများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် အတန်းပိုင်ဆရာ/ ဆရာမများမှ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။
ကျိုက်လတ်မြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း(၁၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၁)ကျောင်း၊ အလယ်တန်းကျောင်း (၁၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၅)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂၈)ကျောင်း၊ မူလတန်းကျောင်း (၁၁၄)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၄)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်းစုစုပေါင်း (၂၀၃)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား/ သူစုစုပေါင်း (၂၈၂၉၆)ဦး အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)