သရက်ချောင်း ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့်ကျင်းပသည့် ရပ်ကွက်/ကျေးရွာပေါင်းစုံ အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား အမျိုးသားနှစ်ယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သရက်ချောင်းမြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၉ သင်းဖြင့် ဇွန် ၆ ရက်မှစတင်၍ ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း ယနေ့တွင် ဗိုလ်လုပွဲစဉ်အဖြစ် မြို့မ-၂ အသင်းနှင့် မြို့မ-၁အသင်းတို့အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြရာ မြို့မ-၂ အသင်းက နှစ်ပွဲပြတ်အနိုင်ရဗိုလ်စွဲသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ ပြိုင်ပွဲတွင် ဒုတိယရရှိသော မြို့မ-၁ အသင်းနှင့် ပထမဆုရရှိကြသော မြို့မ-၂အသင်းတို့မှ အားကစားသမားများအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် ကော်မတီဝင်များက ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)