ညောင်ဦးခရိုင်၌ အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ

ညောင်ဦး ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ခရိုင်အမျိုးသမီးရေးရာကော်မတီအစည်းအဝေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၁၀ နာရီခွဲက ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမှာဒေသအလိုက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်အဆင့် ယန္တရားအဖြစ်ရပ်တည်ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသမီးကော်မတီကို နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်များကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးကော်မတီများတွင် အစိုးရဌာနများအပြင် အမျိုးသမီးအရေးကို ဆောင်ရွက်နေကြသည့် အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားရှိပါကြောင်း၊  ညောင်ဦးခရိုင်အနေဖြင့် ညောင်ဦးခရိုင်အမျိုးသမီးကော်မတီနှင့် မြို့နယ်အမျိုးသမီးကော်မတီများကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စုစုပေါင်း လူဦးရေ ၅၁ ဒသမ ၄ သန်းရှိပြီး အမျိုးသမီးဦးရေသည် ၅၃ ရာခိုင်နှုန်းရှိသည်ကို သိရကြောင်း၊ ညောင်ဦးခရိုင်အတွင်းရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေး အပြည့်အဝရရှိစေရေး ခရိုင်အမျိုးသမီးကော်မတီဝင်များဖြစ်သည့် ဌာနဆိုင်ရာများ၊ အမျိုးသမီးအဖွဲ့များ၊ အရပ်ဖက်ကိုယ်စားလှယ်များနှင့်   ရပ်ရွာအတွင်းရှိ   လူမှုရေးအဖွဲ့များမှလည်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပူးပေါင်းဆောင် ရွက်ပေးကြရန်နှင့် အမျိုးသမီးများအကြမ်းဖက်ခံရမှုလျော့နည်းပြီး  အမျိုးသမီးများဘဝ  လုံခြုံရေးအတွက်ဘက်စုံ၊ ကဏ္ဍစုံမှ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေးကြရန်  ပြောကြားသည်။

ဆက်လက်၍ ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်သန်းက၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ညောင်ဦးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသူများအား Social Media များတွင် အမျိုးသမီးငယ်များ အတုယူလွဲမှားစေမည့် အပြုအမူ၊ ပြောဆို၊ နေထိုင်မှုများ မရှိစေရေး အသိပညာပေးဟောပြောပွဲ(Talk Show)များကို ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမျိုးသမီးငယ်များ အကြမ်းဖက်ခံရမှုများ မရှိစေရေး တရားရေး၊ဥပဒေနှင့်သက်ဆိုင်ရာဌာနများမှ ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရေး အသိပညာပေးဟောပြောပွဲ (Talk Show) များရိုက်ကူထုတ်လွှင့်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ခရိုင်တရားသူကြီး ဒေါ်ခင်ချိုထက် ဆွေးနွေးရာတွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ တရားရုံးတွင် တရားရင်ဆိုင်ခဲ့ရပါက တံခါးပိတ်၍ စစ်ဆေးပေးပြီး အမျိုးသမီးများနှင့် ကလေးမိန်းကလေးအပေါ် ကျူးလွန်သည့် ပြစ်မှုတိုင်းကို သက်သေအထူးစစ်မေးခန်းနဲ့ စစ်ဆေးပါ​ကြောင်း၊အမှုကြီးပါက တရားခံအား တရားခွင်သို့မထုတ်ဘဲ မျက်ကွယ်စစ်ဆေးပေးကြောင်း၊ကလေးသူငယ်များ တရားခံ ဖော်ထုတ်နိုင်ရေး သက်သေထွက်ဆိုရန် လိုအပ်ပါက ကလေးအား ပျော်ရွှင်အောင် ဆောင်ရွက်ပေးပြီးမှသာ မျက်ကွယ်စစ်ဆေးပေးကြောင်းနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

ဒီပါလင်း