ပုလောမြို့နယ်  ပြည်သူများအား  ပြည်သူ့ဆေးရုံမှ ကွင်းဆင်းပြီး အခမဲ့ဆေးကုသ 

ပုလော    ဇွန်    ၉

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြည်သူ့ဆေးရုံမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ပြုံးချို ဦးဆောင်သောအဖွဲ့သည် ပုလောမြို့အမှတ် ၁ ရပ်ကွက် မင်းသီရိဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ဇွန် ၈ ရက် မွန်းလွဲပိုင်းက  ပြည်သူများအား အခမဲ့ကျန်းမာ ရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်ကြသည်။

ထိုသို့ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊   ဆေးရုံတက်ရောက် ဆေးကုသမှုခံယူရန် လိုအပ်သည့် ဝေဒနာရှင်များ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် ပြန်/ဆက်