တနင်္သာရီမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

တနင်္သာရီ ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်အခြေခံပညာမူလတန်းကျောင်း ချောင်းငယ်၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွှဲပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးနိုင်က လူငယ်များအနေဖြင့် ဥပဒေကို လေးစားလိုက်နာရေး၊ မှုခင်းများမကျူးလွန်မိစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေး၊ အွန်လိုင်းလိမ်လည်မှုများမှ သတိပြုကာကွယ်ရေးနှင့် ရပ်ရွာအတွင်းမှုခင်းကျဆင်းစေရန် ပြည်သူနှင့်ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဟောပြောဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသူများကို မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်း‌ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

တနင်္သာရီ(ပြန်/ဆက်)