တန့်ယန်း သြဂုတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက် နှင့် ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များ ၌ ပထမအကြိမ် ကြေညာကပ်ထားပြီးဖြစ်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးစံအေးနှင့်တာဝန်ရှိသူများသည် ယမန်နေ့က နောင်ခမ်း၊ လုံမုံ၊ ဝိန်းမိုင်၊ မန်ပိန်းကျေးရွာများသို့ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရာအုပ်စု(၄၉)အုပ်စု၊ ကျေးရွာ(၆၀၁)ရွာရှိရာ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူများ၏ အခြေခံ မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကြေညာ ထားရာ စုစုပေါင်း (၁၁၅၄၉၈)ဦး ရှိကြောင်းနှင့် အောက်တိုဘာလတွင် ဒုတိယအကြိမ် ထပ်မံ၍ ကြေညာ ပေးမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)