မိုင်းရယ်မြို့နယ် နားဖျိုင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေး

မိုင်းရယ် ဇွန် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ဇွန် ၉ ရက်နေ့ နံနက် ၁၀ နာရီက နားဖျိုင်းကျေးရွာအုပ်စု၊ နားဖျိုင်းကျေးရွာရှိအခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်သည်။

မိုင်းရယ်မြို့နယ် လဝကရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင် ဦးဆောင်သည့် ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသည့် နားဖျိုင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကောက်ယူခြင်းများကို နေ့ချင်းပြီးဆောင်ရွက်ပေးပြီး ကျောင်းသား၊ကျောင်းသူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်