တန့်ယန်း သြဂုတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြည့်စုံသော မဲဆန္ဒရှင်စာရင်း ရရှိစေရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား မဲပေးခွင့် ရရှိစေရေးအတွက် မြို့နယ်လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး လျက်ရှိသည်။
မြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲစာရင်းတွင်ပါဝင်ပြီး ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ရရှိစေရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံချက်ရေးဆွဲပြီး ကွင်းဆင်း၍ အရှိန်အဟုန်မြှင့်ကာ စိစစ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)