မတူပီမြို့၌ နှာခေါင်းစည်း(mask) တပ်ဆင်ရန်လိုက်နာခြင်း မရှိသူများအား အရေးယူခြင်းများ ဆောင်ရွက်

မတူပီ  သြဂုတ်  ၆

ချင်းပြည်နယ်၊ မတူပီမြို့၌ နှာခေါင်းစည်း(mask) တပ်ဆင်ရန် လိုက်နာခြင်းမရှိသူများအား အရေးယူခြင်းများကို ယနေ့ နံနက် (၉)နာရီအချိန်တွင် မတူပီမြို့ စန်ဘောင်ရပ်ကွက် မတူပီ-မင်းတပ် လမ်းဆုံ၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များကပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ကျော်ဝင်းလှိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးကွီလိုင်း၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲအုပ်အောင်ကျော်ကျော်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မရာလူငယ်အသင်း၊ cho အသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ နှာခေါင်းစည်း(mask) တပ်ဆင်ခြင်း မရှိသူ(၉)ဦးအား အရေးယူဆောင်ရွက်ခဲ့ကြောင်းနှင့် နှာခေါင်းစည်း(mask) တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တစ်ခင်စစ်ဆေးခြင်းကို တစ်ပတ်လျှင်တစ်ကြိမ် ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)