မိုင်းပန်မြို့နယ်တွင် Tai Youth Organization (T.Y.O) မှ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ တွင် အသုံးပြုရန်အတွက် ပစ္စည်းများ လာရောက်လှူဒါန်း

မိုင်းပန်              ဩဂုတ်              ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက Tai Youth Organization (T.Y.O) မှ PARTNERS Relife & Development နှင့် ပူးပေါင်း၍ မိုင်းပန်မြို့နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ၊ “နမ့်ခုံးရှမ်းများပရဟိတအသင်းခွဲ နှင့် အ.ထ.က (မိုင်းပန်) ကျောင်းတို့ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ပစ္စည်းများ လာရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။

Tai Youth Organization (T.Y.O)မှ ဦးဆောင်ညွှန်ကြားရေးမှူး နန်းယိင်းနောင့် ဦးဆောင်၍ မိုင်းပန်မြို့နယ် ပြည်သူ့ဆေးရုံအတွင်းရှိ Community Based Facility Quarantine ၌ Quarantine ဝင်ရောက်နေသူများနှင့် ထပ်မံ ဝင်ရောက်လာမည့်သူများအတွက် တစ်ကိုယ်ရေနေ့စဉ်သုံးပစ္စည်းများ ပါရှိသည့် Item Kits (၄၅) စုံ အားလည်းကောင်း၊ မိုင်းပန်မြို့ “နမ့်ခုံးရှမ်းများပရဟိတ အသင်းခွဲအတွက် Hand Wash (600ml) (၂ဝ) ဗူး၊ Hand Gel (၁ဝ)ဗူး၊ Mask (၅ဝ) ခုတို့အား လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း(မိုင်းပန်)တွင် အသုံးပြုရန် Hand Wash (600ml) (၂) ဖာ၊ Mask(၂ဝဝ)ခု နှင့် ရှမ်းဘာသာဖြင့် ဖော်ပြထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် သတင်းအချက်အလက်များပါရှိသည့် လက်ကမ်း စာစောင်များအား လည်းကောင်း လာရောက်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ အသီးသီး လက်ခံရရှိခဲ့ကြောင်း သတင်း ရရှိသည်။

မိုင်းပန်(ပြန်/ဆက်)