ပုလော ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန်လ ၁၇ ရက်နေ့ ညနေ ၄ နာရီက ပုလောမြို့ ကြက်တောင်ရုံး၌ ကျင်းပခဲ့သည်။
လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စည်းလုံးညီညွတ်ရေး၊ အားကစားစိတ်ဓာတ်မြင့်မားစေရန်နှင့် မြို့နယ်အတွက် အကောင်းဆုံးသော အားကစားသမားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပုလောမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟန်ကြည် ပြောကြားသည်။
ဗိုလ်လုပွဲတွင် ပုလောမြို့ အမှတ်(၁)ရပ်ကွက်အသင်းက မကျည်းကုန်းကျေးရွာအသင်းကို ယှဉ်ပြိင်ခဲ့ရာ အမှတ်(၁)ရပ်ကွက်အသင်းမှ ပထမ ရရှိပြီး၊ ပထမဆုရရှိသည့် အမှတ်(၁)ရပ်ကွက်အသင်းနှင့် ဒုတိယဆုရရှိသည့် မကျည်းကုန်းကျေးရွာအသင်းတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့် တာဝန်ရှိသူများက ဒိုင်းဆုများ၊ ငွေသားဆုများကို ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပုလော(ပြန်/ဆက်)