ဝန်အားပြည့်နေသောထရန်စဖော်မာများအား ဝန်အားကူရန်၊ ဓာတ်အားသုံးစွဲသူ အိမ်ထောင်စုများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်စေရန်နှင့် ဗို့အားတည်ငြိမ်စေရန် 11/0.4KV, 200KVA  အောင်စံပယ်ဓမ္မာရုံ ထရန်စဖော်မာအသစ် ဓာတ်အားလွှတ်ပွဲကျင်းပ

မိတ္ထီလာ ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ဝန်အားပြည့်နေသောထရန်စဖော်မာများအား ဝန်အားကူ ရန်၊ ဓာတ်အားသုံးစွဲသူ အိမ်ထောင်စုများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်စေရန်နှင့် ဗို့အားတည်ငြိမ်စေရန် 11/0.4KV, 200KVA အောင်စံပယ်ဓမ္မာရုံ ထရန်စဖော်မာအသစ် ဓာတ်အားလွှတ်ပွဲကို ယမန်နေ့က ရန်မျိုးအောင်ရပ်ကွက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ ရန်မျိူးအောင်ရပ်ကွက်အတွင်း  ဝန်အားပြည့်နေသောထရန်စဖော်မာများအား ဝန်အားကူရန်၊ ဓာတ်အားသုံးစွဲသူ အိမ်ထောင်စုများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်စေရန်နှင့် ဗို့အားတည်ငြိမ်စေရန် ရည်ရွယ်၍ ရက် (၁၀၀) စီမံချက်ဖြင့် 11/0.4KV, 200KVA  အောင်စံပယ်ဓမ္မာရုံ ထရန်စဖော်မာအသစ်တည်ဆောက်ခဲ့ပြီး ဓာတ်အားလွှတ်ပွဲကို ကျင်းပရာ ခရိုင်လျှပ်စစ်မန်နေဂျာ ဦးနောင်ဘိုဘိုလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမင်းကို၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲလင်းကိုကိုနှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 အဆိုပါ ဓာတ်အားလွှတ်ပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများအား လျှပ်စစ်ဝန်ထမ်းများ က လျှပ်စစ်အန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)