ကော့သောင်း ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအားဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ရပ်မိ၊ ရပ်ဖ ငါးဦးပါဝင်သော ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ် ခြင်းကို ဇွန်လ (၁၇)ရက်မှ (၁၈)ရက်နေ့ထိ ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးတွင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကြီးကြပ်ရေးအဖွဲ့အား ရွေးချယ်ဆောင်ရွက်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းများက ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ၊နည်းဥပဒေအရ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို ရွေးချယ်ပုံအဆင့်ဆင့်၊ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ရာအိမ်မှူး၊ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်း(၉)ချက်၊ ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များ ရပ်ကွက်/ကျေးရွာအုပ်စုနေပြည်သူများအား ရှင်းလင်းပြောကြား၍ ကြီးကြပ်ရေးအဖွဲ့ အားအများဆန္ဒပြုချက်ဖြင့်များဖြင့် ရွေးချယ်ခဲ့ကြပြီး ကြီးကြပ်ရေးအဖွဲ့ဝင်များ စာရင်းပြုစုခြင်း၊ ဆန္ဒမေးမြန်းခြင်း၊ဝန်ခံကတိပြု လက်မှတ်ရေးထိုးခြင်းများဆောင်ရွက်၍ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ကြသည်။
ကော့သောင်းမြို့နယ်အနေဖြင့် ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၉)စု တို့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ ဝာာဝန်ရှိသူများပူးပေါင်း၍ သတ်မှတ်စုရပ်၊ အချိန်ဇယားများအလိုက်ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ရပ်မိ၊ ရပ်ဖ ငါးဦးပါဝင်သော ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)