မတ္တရာမြို့နယ်၌ ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မတ္တရာ ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများမှ ဇွန်လ ၁၈ရက်နေ့ နံနက်ပိုင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးသန့်ဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်ဝါယာကြိုးများ၊ မီးခလုတ်များ၊ အရေး‌ပေါ်မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့် တင်းထားရှိစေရေးစသည်တို့ကို စစ်ဆေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

(ရွှေရာသား)