မတ္တရာ ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးဝင်းခိုင်က ချေးငွေဆိုင်ရာကိစ္စရပ်များ၊ မြန်မာ့အာမခံလုပ်ငန်း မန္တလေးတိုင်းရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်ခင်မာဌေးက သီးနှံအာမခံ ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများက လင်းမွေချောင်း၊ ဝသုန္ဒရ၊ ထီးတော်မိုး၊ ရတနာဘုမ္မိ နှင့် ကမ်းတဖက်ကျေးရွာအုပ်စုများမှ တောင်သူ ၉၄ ဦး၏ ၄၁၇ ဧကအတွက် ကျပ်၁၂၅၁ သိန်းအား တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြပြီး ချေးငွေများပြေကြေစွာ ပေးဆပ်ပြီးသူများ ကိုလည်း ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရာသား