ကံကွဲစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမ အသင်းစုမှ နွေစပါးစိုက်ပျိုးဧကများ ကွင်းဆင်းကြည့်ရှု

ပုသိမ်ကြီး ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ကံကွဲကျေးရွာသို့ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည်  ယမန်နေ့က သမဝါယမအသင်းသားတောင်သူ၏ နွေစပါးစိုက်ကွင်းအား စိုက်ပျိုးထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်အောင်နှင့် တာဝန်ရှိသူများသည် ကံကွဲစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းစုမှ တောင်သူ ဦးချစ်ဝေ၏ နွေစပါးစိုက်ပျိုးဧက (၈) ဧက စိုက်ပျိုးထားမှုအား ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ရွှေရန်ကင်း