ပုလော ဇွန် ၁၈
တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ဇွန်လ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲက ပုလောမြို့အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးကြသည်။
ထိုရက်(၁၀၀)လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများကပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမှုကို ပုလောမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေး၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ကို နေ့ချင်းအပြီး ဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ယင်းသို့ ရက်(၁၀၀)လမင်းစီမံချက်နဲ့ အသက်(၁၀)နှစ်နှင့် (၁၈) နှစ်ကြား၊ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်များကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာလေ့လာသင်ယူရန်နှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဆည်းပူးရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်က ပြောကြားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)