ငါန်းဇွန် ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)စာမေးပွဲ အခြေခံသိပ္ပံနှင့် ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြေဆိုနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)စာမေးပွဲသို့ ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-4 မှ Grade-8 အထိ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၁၁)ဦး၊ ဖြေဆို ကျောင်းသား၊ ကျောင်းသူ(၂၄၉)ဦး ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ(၆၂)ဦးနှင့် ဖြေဆိုမှုရာခိုင်နှုန်း ၈၀ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)