ကျောက်ဆည် ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ရည်ညွှန်းဈေးဖြင့် ကျေးရွာ ၇ ရွာ၌ စားအုန်းဆီ ၁၅၅၂ ပိဿာရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။
ထိုသို့ရောင်းချရာ၌ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းဆိုင်များဖြစ်သည့် ဦးထင်လင်းအောင်(အမေထွား)၊ ဒေါ်သဇင်အောင် (နေလသုခ)၊ ဒေါ်သီတာ(စစ်ငြိမ်း)၊ ဒေါ်သက်သက်မွန် (အန္တဂုဏ်)၊ ဒေါ်ကေဇာခိုင် (ဗိုလ်တစ်ထောင်)၊ ဒေါ်စန်းစန်းဌေး (နေလသုခ-၂) ဆီအရောင်းဆိုင်များမှ ကြောင်ပန်းကုန်း၊ ကြောင်၊ ကောင်းတင်၊ ကျောက်ဖျာ၊ ရဲဘော်ကြီး၊ လေးဆယ် ကုန်း၊ ဆူလေကုန်း ကျေးရွာ ၇ ရွာမှ ပြည်သူများအား အိမ်ထောင်စု တစ်စုလျင် နှစ်ပိဿာနှုန်းဖြင့် စားအုန်းဆီ ၁၅၅၂ ပိဿာ ရောင်းချခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)