ကော့သောင်း ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သောဒေသဆိုင်ရာဧည့်လမ်းညွှန် (အခြေခံ)သင်တန်းကို ကော့သောင်းမြို့၊ ဗြဟ္မဝိဟာရကျောင်းတိုက်တွင် မေလ(၂၅)ရက်နေ့မှ ဇွန်လ(၂၆)ရက်နေ့ထိ (၁)လတာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာယနေ့နံနက်ပိုင်းတွင် ရေကြောင်းရဲတပ်ဖွဲ့စု(ကော့သောင်း)မှ တပ်ဖွဲ့စုမှူးရဲမှူး ရဲမင်းထက်နှင့် တပ်ဖွဲ့ဝင်များသည် “Sar & Survival at Sea ” (ပင်လယ်ပြင် အသက်ရှင်နေထိုင်နည်း) သင်ခန်းစာအား လက်တွေ့သရုပ်ပြ သင်ကြားပို့ချပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်းတွင် တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူး ဦးလွှမ်းမိုးနှင့် နည်းပြဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက “ဧည့်လမ်းညွှန်ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ဧည့်လမ်းညွှန်များ သိသင့်သိထိုက်သည့် အချက်အလက်များကို သင်တန်းအချိန် ဇယားအလိုက် စာတွေ့/လက်တွေ့ သင်တန်းပို့ချလျက်ရှိပြီး အဆိုပါသင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် ကော့သောင်းမြို့သည် အဏ္ဏဝါခရီးသွားလာရေးလုပ်ငန်းကို အဓိကလုပ်ဆောင်နေသောဒေသဖြစ်၍ ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရေးကို အထောက်အကူပြုပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ ဝင်ငွေပိုမိုရရှိလာခြင်း၊ လူနေမှုအဆင့်အတန်း မြင့်မားလာစေခြင်းတို့ကိုလည်း အထောက်အကူပြုသည့်အတွက် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေကြသူများနှင့် စိတ်ပါဝင်စားသူများ သင်တန်းတက်ရောက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)