ချမ်းမြသာစည် ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချမ်းမြသာစည်မြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး၏ ကြီးကြပ်မှူဖြင့် လဝကမှူး ဒေါ်မြင့်မြင့်ခိုင်ဦးဆောင်၍ ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ကျောင်းသူ (၉၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)