ဝမ်းတွင်း ဇွန် ၁၈
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်းရှိ ဓာတ်အားသုံးစွဲသူအများပြည်သူများ လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းစွာဖြင့် စနစ်တကျသုံးစွဲတတ်စေရေး၊ ဓာတ်အားလိုင်း လိုင်းအပြစ်ဖြစ်ပေါ်မှုလျော့နည်းစေရေး၊ တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုပပျောက်စေရေးအတွက် အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဇွန် ၁၈ ရက်က မြေတိုင်ကန်ကျေးရွာအုပ်စု၊ မြေတိုင်ကန်ကျေးရွာရှိ ဒက္ခိဏာရာမဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်မျိုးချစ်အေးက လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းစွာဖြင့် စနစ်တကျသုံးစွဲတတ်စေရေး အသိပညာပေးဆွေးနွေးစာတမ်း အကျဉ်းအားလည်းကောင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသိန်းထူးက ကျေးလက်ဒေသစွမ်းအင်ရရှိရေးအတွက် ဝန်ကြီးဌာန၏စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ဓာတ်အားသုံးစွဲသူအများပြည်သူများ လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းစွာဖြင့် စနစ်တကျသုံးစွဲတတ်စေရေး၊ ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်မှုလျော့နည်းစေရေး၊ တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုပပျောက်စေရေး၊ ပြည်သူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရေးဆိုင်ရာလုပ်ငန်းများကို အသိပညာပေးချပြဆွေးနွေးသည်။ ၎င်းနောက် အခမ်းအနားတက်ရောက်လာသူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေး လက်ကမ်းစာစောင်များ Online Payment ပေးချေမှုလုပ်ငန်းစဉ်ဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်