ပြင်ဦးလွင် ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၇)၊ အနီးစခန်း အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့နယ်၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ် ဦးဆောင်၍ ဒု-လ၀ကမှူး ဒေါ်မျိုးမျိုးစိုးနှင့် အဖွဲ့က ကျောင်းသူ/သားများကို နိုင်ငံသားစိစစ်ရေးကတ်ပြား နိုင်-၃(က) ကျား ၈၇ဦး၊ မ၁၁၇ဦး၊ စုစုပေါင်း ၂၀၄ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အလားတူ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သွေးသွေး (ပြန်/ဆက်)