အောင်မြေသာစံ ဇွန် ၁၉
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့ကို ဇွန်လ ၁၈ရက်နေ့ နံနက် ၁၀ နာရီတွင် မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ အစီအစဉ်(၆)ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် လေ့လာသူ(၈၉)ဦး၊ စုစုပေါင်း(၁၆၆)ဦး တက်ရောက်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၁၁)ဦးက မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း(၁၅)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြား ခြင်းတို့ကို ဆောင်ရွက်သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို (၁၁:၀၅)နာရီတွင် ရပ်နားကြောင်းနှင့် အစည်း အဝေး (၁၂) ရက်မြောက်နေ့ကို ဇွန်လ ၁၉ ရက် (သောကြာနေ့) နံနက် ၁၀ နာရီအချိန်တွင်ကျင်းပသွားမည်ဖြစ်သည်။
ယနေ့ ကျင်းပပြုလုပ်သော တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁)ရက် မြောက်နေ့သို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီကော်မတီဝင်များ၊ ပါတီဝင်များစုစုပေါင်း (၈၉) ဦး လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)