မြစ်သားမြို့နယ်၌ ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး ၁၀ ဦးဖြင့် (အခမဲ့) နယ်လှည့်ကွင်းဆင်းဆေးကုသမှုဆောင်ရွက်

မြစ်သား ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ မန္တလေးတိုင်း‌ဒေသကြီးကုသ‌ရေးဦးစီးဌာန၊ ကျောက်ဆည်မြို့၊ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး ၁၀ ဦးဖြင့် (အခမဲ့) နယ်လှည့်ကွင်းဆင်း ဆေးကုသဆောင်ရွက်ပေးခြင်းကို ဇွန် ၁၈ ရက်နံနက် ၈ နာရီအချိန်ကစတင်၍ ကူမဲမြို့တိုက်နယ်ဆေးရုံအတွင်း၌ လာရောက်ကုသပေးလျက်ရှိကြောင်း သိရသည်။

  နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းကို အထူးကုဆရာဝန်ကြီးများဖြစ်ကြသော ကျောက်ဆည်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ဇင်သန်းဝေ၊ ဆေးရုံအုပ်ဒေါက်တာဒေါ်ခိုင်ဇာဝင်း၊ သမားတော်အထူးကုဆရာဝန်ကြီး ဒေါက်တာသူရဇော်၊ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်မိုး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာတင်‌မောင်ထွေး၊ အရိုး/အကြောအထူးကုဆရာဝန်ကြီး‌ ဒေါက်တာ မျိုးညွန့်၊ သားဖွား/မီးယပ်အထူး ကုဆရာဝန်ကြီး ဒေါက်တာ မြတ်မွန်ထိုက်၊ နား/နှာခေါင်း/လည်ချောင်း အထူးကု ဆရာဝန်ကြီး ဒေါက်တာမျိုးသွင်၊ မျက်‌စိအထူးကု ဆရာဝန်ကြီး ဒေါက်တာနှင်းယုဝင်း၊ အကြော/အဆစ် အထူးကုဆရာဝန်ကြီး ဒေါက်တာအေးပြည့်ပြည့်ဖြိုး၊ သွားနှင့်ခံတွင်းအထူးကုဆရာဝန် ကြီး ဒေါက်တာပေါစံ၊ စိတ်ကျန်းမာ‌ရေးအထူးကုဆရာဝန်ကြီး ဒေါက်တာ နွယ်ဦးမွန်၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် သူနာပြုဆရာ/ဆရာမများ၊ စုစုပေါင်းအင်အား ၇၂ ဦးတို့မှ ကူမဲမြို့‌ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၅၃၃ ဦးတို့အား ကျန်းမာရေး(အခမဲ့‌) ဆေးကုသမှုဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာ ဝန်ကြီးများ (အခမဲ့) နယ်လှည့်ကွင်းဆင်းဆေး ကုသမှုဆောင်ရွက်ရာသို့  အထူးကုဆရာ ဝန်ကြီး(၁၀)ဦးနှင့် တာဝန်ရှိသူများ၊ ကျောက်ဆည်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ဇင်သန်းဝေနှင့် တာဝန်ရှိသူများ၊ မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့ဆေးရုံကြီးမှ မြို့နယ်ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နေအောင်စိုးနှင့် သူနာပြုဆရာ/ဆရာမများ၊ ကူမဲမြို့၊ မြို့အုပ်ချုပ်‌ရေးမှူးဦးနိုင်ဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များ၊ ကူမဲမြို့မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် ရပ်‌ကျေးအဖွဲ့ဝင်တို့ ပူးပေါင်း၍ (အခမဲ့) ဆေးကုသမှုဆောင်ရွက်စဉ် လိုအပ်သည်များကိုဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)