ပြင်ဦးလွင်ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပြင်ဦးလွင် ဇွန် ၁၉

၂ဝ၂၆ ခုနှစ်၊ ပြင်ဦးလွင်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြင်ဦးလွင်ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၁၈ ရက် ညနေ (၃) နာရီက ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊  ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

အဆိုပါ ပြင်ဦးလွင်ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲကို (၂၅-၅-၂၀၂၆) ရက်နေ့မှ (၁၇-၆-၂၀၂၆) ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း (၁၂) သင်းတို့ဖြင့် အင်တိုက်အားတိုက် ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်လုပွဲတွင် ပင်လိန် FC အသင်းနှင့် ဟိန်းကမ္ဘာအသင်းတို့ ယှဉ်ပြိုငကစားခဲ့ကြရာ ပင်လိန် FC အသင်းမှ အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီးဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အကောင်းဆုံးကစားသမားဆု ရရှိသူတို့အား ဆုတံဆိပ်များ၊ ဂုဏ်ပြုငွေများ၊ ဆုဖလားများကို အသီးသီးချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)